ဆီးချိုသောက်ဆေးကို ပန်းမုန်လာစိမ်းတွင်ပါသည့် အာနိသင်တစ်မျိုးဖြင့် အစားထိုးနိုင်ရန် ကြိုးပမ်း

ပြည်ချစ်သား 1:57 PM


စတော့ဟုမ်း ၁၉-၆-၂၀၁၇

ဆွီဒင်နိုင်ငံ Gothenburg တက္ကသိုလ်မှ သုတေသီများက ဆီးချိုသောက်ဆေးများကို ပန်းမုန်လာစိမ်း (Broccoli) တွင် ပါဝင်သည့် အာနိသင်တစ်မျိုးမှ ထုတ်လုပ်သော ဖျော်ရည်သို့မဟုတ် ထိုးဆေးဖြင့် အစားထိုးနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။

''နာတာရှည်ရောဂါ ဖြစ်တဲ့ဆီးချို အမျိုးအစား (၂) သမားတွေမှာလဲ နေ့စဉ်မပြတ် နှစ်ပေါင်းများစွာ ဆေးသောက်လာရတာ အတော့်ကို ငြီးငွေ့ဖို့ ကောင်းမှာအမှန်ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် (Broccoli) ပန်းမုန်လာစိမ်း ထဲမှာ ဆီးချိုဆေးတွေလိုပဲ အစွမ်းရှိတဲ့ အာနိသင်တစ်မျိုးကို တွေ့ရပါတယ်။ ဒီအာနိသင် အဆီအနှစ်ကိုထုတ်ယူပြီး ထိုးဆေးအဖြစ် ပြောင်းလဲလိုက်နိုင်မယ်။ ဒါမှမဟုတ် Broccoli ဖျော်ရည်ကို လိုသလောက် သောက်ပေးနိုင်မယ် ဆိုရင် ဆီးချိုဆေးဝါးတွေကို အစားထိုးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့် ရပါတယ်''ဟု သုတေသီတစ်ဦး ဖြစ်သူ Anders Rosengren က ပြောပြသည်။

'' Broccoli ထဲမှာ ပါဝင်တဲ့ အာနိသင်တစ်မျိုးက ဆီးချိုဆေးဝါးတွေ နဲ့မခြား အကျိုးထူးစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဆေးတွေလို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးလဲ ရှိမှာမဟုတ်ပါဘူး။ လူနာအများစု အနေနဲ့ ဆီးချိုဆေးသောက် မလားဒါမှမဟုတ် Broccoli အဆီအနှစ်ကို ထိုးမလားမေးရင် Broccoli ကိုပဲ ရွေးကြမှာပါ''ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ဦးရေသန်း ၄ဝဝ ထက်မနည်း ရှိကြောင်း၊ ၁၉၈ဝပြည့်နှစ် ကိန်းဂဏန်းနှင့် နှိုင်းယှဉ်လျှင် လေးဆတိုးလာခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆီးချိုလူနာဦးရေ တိုးလာရသည်မှာလည်း ဆီးချိုရောဂါသည် အခြားရောဂါများနှင့် မတူဘဲ ရောဂါလက္ခဏာ ချက်ချင်းပြလေ့ မရှိကြောင်း သိရသည်။

#PyiChitThar

Share this

Related Posts

Previous
Next Post »

Label Pilihan