ပန်းမုန်လာစိမ်းတွင် RNA ဆဲလ်များကို ကာကွယ်ပေးနိုင်သည့်အာနိသင်တွေ့ရှိ


Compounds in broccoli seen to fight against cancer


နယူးယောက် ၊ ၂၀-၃-၂၀၁၇

ပန်းမုန်လာစိမ်းတွင် အဖိုသုက်ရည် ဂလင်းကင်ဆာဆဲလ် များတွင် တွေ့ရလေ့ ရှိသည့် RNA ဆဲလ်များ ဆက်လက် မပွားများ နိုင်အောင် ဟန့်တား နှောင့်ယှက် ပေးနိုင်သည့် ဆာလ်ဖိုရာဖိန်း အစွမ်းသတ္တိကို တွေ့ရှိရကြောင်း အမေရိကန်နိုင်ငံ အိုရီဂွန်တက္ကသိုလ်မှ ကင်ဆာ သုတေသီများက ပြောပြသည်။

ယခင်က RNA ဆဲလ်များကို အသုံးမဲ့ DNA ဆဲလ်များဟု ယုံကြည်ခဲ့ ကြောင်း၊ သို့သော် အဆို ပါ RNA ဆဲလ်များက ကင်ဆာ အမျိုးမျိုးကို ဖြစ်စေရာတွင် အဓိက ကျသည့် အရာများ ဖြစ်နေသည်ကို ဆက်လက်တွေ့ ရှိရကြောင်း၊ အဖိုသုက်ရည် ဂလင်း ကင်ဆာ၊ ရင်သား ကင်ဆာ၊ အစာအိမ် ကင်ဆာနှင့် အဆုတ်ကင်ဆာ အပါအဝင် အခြားသော ကင်ဆာ အမျိုးမျိုးကိုလည်း RNA ဆဲလ်များက အားပေးခြင်း ဖြစ်ကြောင်း၊ ၎င်း RNA ဆဲလ်များ ဆက်လက် မပြန့်ပွားနိုင်ရန် ဟန့်တားနှောင့်ယှက် ပေးသည့် ဆာလ်ဖိုရာ ဖိန်းဓာတ်ကို ပန်းမုန်လာစိမ်းတွင် တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

''ပန်းမုန်လာစိမ်း ထဲမှာ ကင်ဆာရောဂါ ကိုတိုက်ဖျက် နိုင်တဲ့ ဓာတ်စာတွေကို အမြင့်ဆုံးတွေ့ရပါတယ်။ ဒီအစွမ်း သတ္တိတွေကို ထုတ်ယူသုံးစွဲ နိုင်မယ်ဆိုရင် ကင်ဆာ ရောဂါကို တိုက်ဖျက်ရာမှာ အားကောင်းတဲ့ ဆေးဝါး အသစ်တွေကို ထုတ်လုပ် နိုင်တော့မှာ ဖြစ်ပါတယ်။ ကင်ဆာကို ဓာတုဆေးဝါး နဲ့မတိုက်ဖျက် နိုင်ဘဲ သဘာဝ အသီးအရွက် တွေထဲက အာနိသင်နဲ့ တိုက်ဖျက်နိုင်မယ့်  သဘောဖြစ်ပါတယ်''ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

ယခုနောက်ပိုင်း ကင်ဆာ ဝေဒနာကုထုံးတွင် ဓာတုဆေးဝါး ကုထုံး၊ ဓာတ်ကင် ကုထုံးများ အပြင် သဘာဝ ဓာတ်စာများဖြင့် ကုသသည့် နည်းလမ်းကိုလည်း တွင်ကျယ်စွာ အသုံးပြုလာ လျက်ရှိကြောင်း၊ ၂ဝ၁၂ ခုနှစ်
ကိန်းဂဏန်းများ အရ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာမျိုးစုံ လူနာ ၁၄ ဒသမ ၁ သန်း ရှိကြောင်း၊ ၎င်း နှစ်တွင်ပင် ကင်ဆာရောဂါ ကြောင့် သေဆုံးသူ ၈ ဒသမ ၂ သန်းရှိ ခဲ့ကြောင်း၊ ကင်ဆာမျိုးစုံ ၏ ၃၃ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက် ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ် ကြောင်းသိ ရသည်။

#PyiChitThar

Share this

Related Posts

Previous
Next Post »

Label Pilihan